အပြည်ပြည်ဆိုင် ရာ ဖွံ့ဖြိုးရေးဌာန (DFID-မြန်မာ) ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူတို့၏ လူမှုဘဝများအကြောင်း သုတေသနပြု လေ့လာထားသည့် Border Lives : သုတေသနတွေ့ရှိချက်ဝေငှခြင်းနှင့် နယ်ခြားမဲ့မိုးတိမ် ၀တ္ထုတို စာအုပ်မိတ်ဆက်ခြင်း၊ သုံးသပ်တင်ပြခြင်းအခမ်းအနားကို ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေးရှင်း (EMReF) မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Kachin Land College, Humanity Institute ၌ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ကျင်းပခဲ့ပါသည်။


အဆိုပါ Border Lives သုတေသနတွေ့ရှိချက်များကို ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) မှ အမှုဆောင်အရာရှိချုပ် ဒေါ်မြတ်သက်သစ္စာနှင့် အကြီးတန်းစီမံကိန်းမန်နေဂျာ (Gender and Livehood) ဒေါ်အေးလဲ့ထွန်းတို့မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ နယ်ခြားမဲ့မိုးတိမ်ဝတ္ထုတိုစာအုပ်ကို ဆရာ Nhkum Lazing Zau Seng (Principal of Institute of Liberal Arts and Sciences (Mai Ja Yang))၊ ဆရာမ N Pau Nang Pu ( Director of Htoi Gender and Development Foundation) နှင့်ဆရာမ Sut Seng Htoi (Kachin National Youth Network) တို့မှ အသီးသီး သုံးသပ်ဖတ်ကြားခဲ့ကြပါသည်။

အနုပညာနှင့်သုတေသနပေါင်းစပ်ဖန်တီးထားသည့် နယ်ခြားမဲ့မိုးတိမ်ဝတ္ထုတိုစာအုပ်တွင် ဝတ္ထုတို (၃) ပုဒ်ပါဝင်ပြီး လွယ်ဂျယ်၊ မိုင်ဂျာယန်နှင့် ဖီမော်ဒေသမှ လူပုဂ္ဂိုလ် (၃) ဦး၏ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေတည်ကာ ဆရာမသော်တာအေးလဲ့မှ ပြန်လည်ခံစားရေးဖွဲ့ထားခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် Border Lives ရှိ လူမှုဘ၀များကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကိုလည်း ပြသခဲ့ပါသည်။