နိုင်ငံရေးသုတေသနများ

စစ်အုပ်ချုပ်ရေးမှ ပွင့်လင်းသောဒီမိုကရေစီအသိုက်အဝန်းသို့ နိုးထပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အကူးအပြောင်းတွင် EMReF အနေဖြင့် နိုင်ငံရေး၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးဆောင်ရွက်သူများနှင့်ပတ်သက်သော သုတေသနများအား ၂၀၁၃ ခုနှစ်နှစ်လယ်ပိုင်းမှစတင်၍ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံဒီမိုကရေစီအကူးအပြောင်းကာလတွင် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ရရှိစေမည့်
မြန်မာနိုင်ငံသားများ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်နှင့် အထောက်အထားအခြေပြု မူဝါဒချမှတ်ခြင်းများအား မြှင့်တင်ပေးရန်ဖြစ်ပါသည်။ EMReF မှ ပြုလုပ်ခဲ့သော နိုင်ငံရေးနယ်ပယ်နှင့် သက်ဆိုင်သော သုတေသနများမှာ - 

မြန်မာနိုင်ငံရေးပါတီများ၏အချက်အလက်များ စုစည်းစာအုပ်(၂၀၁၀-၂၀၁၂)

ပြည်သူ့လွှတ်တော်၏ မှတ်တမ်းထိန်းသိမ်းမှုနှင့် သတင်းအချက်အလက်ဖြန့်ဖြူးမှုဆိုင်ရာ လေ့လာမှုစာတမ်းငယ်

၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အရေးပါသတင်းအချက်အလက်များ

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြေညာစာတမ်း လေ့လာမှုစာတမ်းငယ် အောက်တိုဘာ ၂၀၁၅(ရွေးကောက်ပွဲမတိုင်မီ)

နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့များအပေါ် လေ့လာသုံးသပ်မှုစာတမ်း

မြန်မာနိုင်ငံ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ စွမ်းဆောင်ရည် လေ့လာသုံးသပ်မှုအစီရင်ခံစာ (၂၀၁၀-၂၀၁၅)