အုပ်ချုပ်ရေးစနစ်

စင်စစ်အားဖြင့် အုပ်ချုပ်ရေးစနစ်ဆိုသည်မှာ ယနေ့မြန်မာနိုင်ငံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းစနစ်များ နှင့် ယင်းတို့အား မည်သို့ ဆောင်ရွက်နေသည်ဟူသော အချက်ပင်ဖြစ်ပါသည်။ အုပ်ချုပ်ရေးစနစ်သည် အလွန် အခြေခံကျသော ပြဿနာတစ်ခုဖြစ်သည့်အတွက်၊ EMReF အဖွဲ့သည် ခေါင်းစဉ်အလိုက်လေ့လာမှုများဖြင့် လည်းကောင်း၊ အဓိကပြဿနာများကို လူမှုစီးပွါးဆိုင်ရာ သုတေသနနှင့် လူမှုဆိုင်ရာ ဆန်းစစ်မှုများဖြင့်လည်း ကောင်း သုတေသနပြုလုပ်ခဲ့ပါသည်။ EMReF အဖွဲ့သည် ခေါင်းစဉ်အလိုက်လေ့လာမှုများအနေဖြင့် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ဒေသန္တရခေါင်းဆောင်မှုနှင့် အဖွဲ့အစည်းများကို လေ့လာဆန်းစစ်ခြင်း (Local Leadership and Institutional Analysis) သုတေသနလုပ်ငန်းများနှင့် ဧရာဝတီနှင့် ရခိုင်ဒေသများရှိ ရေချိုငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်များအားလေ့လာခြင်းသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် အသီးသီးဆောင်ရွက်ခဲ့သည့် ဒေသန္တရ ခေါင်းဆောင်မှုနှင့် အဖွဲ့အစည်းများကို လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်းများတွင် ကျေးရွာအဆင့် အုပ်ချုပ်မှုစနစ်များကို အဓိကထား လေ့လာခဲ့သည်။ စစ်ဖက်အုပ်ချုပ်ရေးစနစ်၏ နောက်ဆုံးနေ့များနှင့် အရပ်ဖက်အုပ်ချုပ်ရေးစနစ်စတင်သည့် အစောပိုင်းနှစ်များတွင် ဗမာလူမျိုးအများစုနေထိုင်သည့် ဒေသများ တွင်လည်းကောင်း၊ တိုင်းရင်းသားဒေသများတွင်လည်းကောင်း ကျေးရွာအဆင့် အုပ်ချုပ်ရေးစနစ်များကို မှတ်တမ်းတင်နိုင်ခဲ့ရာ၊ ယင်းသုတေသနလုပ်ငန်းမှ ထုတ်ဝေခဲ့သော ဒေသန္တရ ခေါင်းဆောင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ သုတေသနအစီရင်ခံစာ (၂)စောင်ကို ဒေသတွင်းအုပ်ချုပ်မှုစနစ်များအတွက် အခြေခံအဖြစ် မှတ်ယူနိုင်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ ရေချိုငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို လေ့လာသည့် လုပ်ငန်းများမှာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များတွင် ရေချိုငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေများ ရေးဆွဲရာတွင် မူဝါဒဆိုင်ရာ သွင်းအားစုများ ထည့်ဝင်ပေးရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။

  • ဒေသန္တရခေါင်းဆောင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ လေ့လာမှုလုပ်ငန်း (၂၀၁၀ ခုနှစ်) ကို ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေနှင့် နည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသုတေသနလုပ်ငန်း၏ အစီရင်ခံစာ ခေါင်းစဉ်မှာ `အောက်တွင် ဘာရှိပါသနည်း (What Lies Beneath)` ဖြစ်သည်။ [to link up to the download under the publications]
  • ဒေသန္တရခေါင်းဆောင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ လေ့လာမှုလုပ်ငန်း (၂၀၁၂ ခုနှစ်) ကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသုတေသနလုပ်ငန်း၏ အစီရင်ခံစာခေါင်းစဉ်မှာ `အောက်ခြေမှအမြင် (A View From Below)` ဖြစ်သည်။
  • ရေလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်များအား လေ့လာရေးလုပ်ငန်းများကို Oxfam International နှင့် ပျိုးပင်အဖွဲ့တို့၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည်။