MyPILAR အကြောင်း

နောက်ခံအကြောင်းအရာ

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းသည့် ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးအအကူးအပြောင်းကာလမှ စတင်ကာ ပြောင်းလဲလျက်ရှိပါသည်။ ယခင်က နိုင်ငံရေးအခင်းအကျင်းတွင် အာဏာရှိအစိုးရ၊ တပ်မတော်နှင့် အတိုက်အခံ စသည်ဖြင့် နိုင်ငံရေးဇာတ်ကောင်များ နည်းပါးခဲ့သော်လည်း ယခုလက်ရှိအခင်းအကျင်းတွင်မူ များစွာသောနိုင်ငံရေးဇာတ်ကောင်များ ပါဝင်လာလျက်ရှိပြီး အများစုသောသူများမှာ နိုင်ငံရေးနှင့်စတင်ထိတွေ့ပတ်သက်သောသူများသာ ဖြစ်ပါသည်။ ပစ္စုပ္ပန်ကာလတွင် အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အဖွဲ့အစည်းများလည်း ပေါ်ထွက်လျက်ရှိပြီး ယင်းတို့၏ လှုပ်ရှားမှုများ၊ အဆင့်ဆင့်သော ဖြစ်စဉ်များ၊ ထွက်ပေါ်လျက်ရှိသည့်ရလဒ်များအားလုံးသည် အသစ်အသစ်သော အကြောင်းအရာများဖြစ်သည့်အပြင် ပြောင်းလဲမှုများမှာလည်း လွန်စွာလျင်မြန်လျက် ရှိရာ ပြည်သူလူထုအနေနှင့် အဆိုပါ ပြောင်းလဲမှုအားလုံးကို လက်ခံကျင့်သုံးပြီး ယင်းပြောင်းလဲမှုဖြစ်စဉ်တွင် မိမိတို့ကိုယ်တိုင်လည်း မှန်ကန်သောနေရာမှ ပါဝင် နိုင်စေရန်မှာ အရေးကြီးသောရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။

ထိုကဲ့သို့သောအချိန်အခါတွင် ပြောင်းလဲမှုဖြစ်စဉ်အတွင်း ပြည်သူလူထုအနေနှင့် မှန်ကန်သည့်လားရာကို ရှုမြင်ပြီး မှန်ကန်သည့်နေရာမှ ပါဝင်လာနိုင်စေရန်နှင့် မိမိတို့ရည်ရွယ်ချက်အောင်မြင်စေရန်အတွက် စစ်မှန်သည့်မိတ်ဖက်များကို ရွေးချယ်နိုင်စေရန်အတွက်မှာ မှန်ကန်ပြီး အားထားယုံကြည်လောက်ဖွယ် သတင်းအချက်အလက်များသည် အရေးပါသော တွန်းအားတစ်ခုဖြစ်လာပါသည်။ အမှန်တကယ်အားဖြင့် သတင်းအချက်အလက်ဟူသည် ပြည်သူလူထုအတွက် အရေးပါ သည်သာမက အပြောင်းအလဲကာလ ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါဝင်သည့် ကဏ္ဍအမျိုးမျိုးမှ ခေါင်းဆောင်များအတွက်လည်း အရေးပါလျက် ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ နိုင်ငံရေးအဝန်းအဝိုင်းတွင် လစ်ဟာလျက်ရှိသည့် "ယုံကြည်မှု လိုအပ်ချက်" ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု အပါအဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသည့် မဏ္ဍိုင် ၃ ရပ်အကြား စစ်မှန်သည့် အပြန်အလှန် ထိန်းကျောင်းမှုတစ်ရပ် ထွန်းကားလာစေရန် အရေးပါရခြင်း ဖြစ်ပါသည်။

ပြောင်းလဲလျက်ရှိသည့် လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် မှန်ကန်ခိုင်လုံသည့်သတင်းအချက်အလက်များရယူခြင်း၊ ဖြန့်ဝေခြင်းတို့သည် အရေးပါလာသည့်အလျောက် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) နှင့် အ ထောက်အပံ့ဝိုင်းဝန်းပြုပေးသည့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများကဲ့သို့သော ပါဝင်သက်ဆိုင်သူအားလုံးအတွက် ခိုင်မာကျစ်လျစ်ပြီး ကောင်းမွန်စွာ ပိုင်းခြားစိတ်ဖြာ ထားသည့် ရပ်တည်ချက်မှန်ကန်၍ ဘက်မလိုက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးနိုင်ရန် MyPILAR ဝက်ဘ် ဆိုက်ကို တည်ဆောက်အကောင်အထည်ဖော်လျက် ရှိပါသည်။

 

ရည်ရွယ်ချက်

  • အမျိုးမျိုးသောကဏ္ဍမှ ပုဂ္ဂိုလ်များအကြား သတင်းအချက်အလက်များ ပိုမိုအားထားလာနိုင်စေရန်၊ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာစေရန်နှင့် တွဲဖက်ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန်။
  • အထောက်အထားအခြေပြု မူဝါဒရေးရာဖော်ဆောင်မှုများကို ဆောင်ရွက်နိုင်စေရန်။
  • နိုင်ငံသားများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအနေဖြင့် "နိုင်ငံသားများ၏ သိရှိပိုင်ခွင့်" ဟူသည့် အသိ စိတ်ဓာတ်နှင့် ခိုင်ခိုင်မာမာရပ်တည်ကာ နိုင်ငံရေးတွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန်။

အဓိကကဏ္ဍများ

  • ရွေးကောက်ပွဲများ
  • နိုင်ငံရေးပါတီများ
  • လွှတ်တော်များ

MyPilar ဖွဲ့စည်းပုံ

အထောက်အကူပေးသည့်မိတ်ဖက်အဖွဲ့အစည်းများ

မြန်မာနိုင်ငံရေးသတင်းအချက်အလက်မဏ္ဍိုင် (MyPILAR) ကို ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) ၊ မြန်မာစာအုပ်စာပေကူညီပံ့ပိုးရေးနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးဖောင်ဒေးရှင်း (MBAPF) နှင့် ဝါရှင်တန်တက္ကသိုလ်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုကြိုးပမ်းမှုသည် "အပြောင်းအလဲကာလအတွင်း မြန်မာပြည်သူ လူထုအတွက် သတင်းအချက်အလက်နည်းဗျူဟာအစီအစဉ် (The Information Strategies for Societies in Transition Program)" ၏အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ယင်းအစီအစဉ်အား USAID (United State Agency for International Development), Microsoft, Bill & Melinda Gates Foundation နှင့် Tableau Foundation တို့မှ ပံ့ပိုး ကူညီပေးထားခြင်း ဖြစ်ပါသည်။ အဆိုပါအစီအစဉ်အား ဝါရှင်တန်တက္ကသိုလ်ရှိ Henry M. Jackson School of International Studies တွင် အခြေပြုထားပြီး ယင်းတက္ကသိုလ်၏ Information School – the Technology and Social Change Group (TASCHA) နှင့် မြန်မာနိုင်ငံအခြေပြု မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော EMReF နှင့် MBAPF တို့နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်လျက် ရှိပါသည်။

ဆက်သွယ်ရန်

 

ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း(EMReF)

တိုက် (၃)၊ အခန်း (အေ-၃ဝ၅)၊ သစ္စာဥယျာဉ်အိမ်ရာ၊

၃ လမ်း၊ ၈ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊

ရန်ကုန်၊ မြန်မာနိုင်ငံ။

ဖုန်း - ဝ၁ ၈၅၆၂၄၃၉

အီးမေးလ် - [email protected]

Website: www.mypilar.org