Workshop on Inclusion of Gender Perspectives in Films (ရုပ်ရှင်အနုပညာနှင့် ကျား-မ ရေးရာ ထည့်သွင်းပေါင်းစပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ)

ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (Enlightened Myanmar Research Foundation-EMReF) သည် မြန်မာနိုင်ငံတွင် သုတေသနယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရန်အတွက် ဆောင်ရွက်နေသော အစိုးရမဟုတ်သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဤအဖွဲ့အစည်းသည် နိုင်ငံရေး၊ လူမှု-စီးပွားရေးနှင့် ကျား-မရေးရာသုတေသနများစွာကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများအပြင် အခြားပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်နည်းတူ လူမှုရေးရာသုတေသနသင်တန်းများစွာကိုလည်း ပို့ချပေးလျက်ရှိပါသည်။ 

ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း၏ ကျား-မရေးရာ လေ့လာရေးတစ်ရပ်အနေဖြင့် မြန်မာ့ရုပ်ရှင်လောက၏ ကျား-မ (ဂျန်ဒါ) အမြင်ကို ဆန်းစစ်လျက်ရှိပါသည်။ အဆိုပါလေ့လာရေး၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရုပ်ရှင်အနုပညာနှင့် ကျား-မရေးရာ ထည့်သွင်းပေါင်းစပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်ရှင်လောကသားများနှင့်အတူ ကျင်းပလိုပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ၁) ကျား-မရေးရာ သဘောတရား၊  ၂) အခြေခံလူ့အခွင့်အရေး စံနှုန်းများ၊ ၃) အနုပညာနှင့်လူမှုရေး သဘောတရားအယူဝါဒများ ပေါင်းစပ်ခြင်း၊ ၄) မြန်မာ့ရုပ်ရှင်ထဲက အမျိုးသမီးများအကြောင်း၊ ၅) ကျား-မရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အနုပညာအတွက် ထောက်ပံ့ကြေး (Grant) လျှောက်ထားနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးမည်ဖြစ်သည်။

ရုပ်ရှင်သည် ပြည်သူလူထု၏ အသိအမြင်များကို လမ်းကြောင်းရာတွင်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအယူအဆ ကို ပုံဖော်ရာတွင်လည်းကောင်း အထိရောက်ဆုံး မီဒီယာတစ်ခုဖြစ်ပါသည်။ ရုပ်ရှင်သည် အနုပညာတစ်ရပ်ဖြစ်ပါသည်။ ထို့အတူ ၎င်းအနုပညာထုတ်ကုန်သည် ပရိသတ်အပေါ် လွှမ်းမိုးမှုရှိနေသည်ဆိုသည်မှာလည်း ငြင်းဆိုမရသည့် အချက် တစ်ချက်ဖြစ်သည်။ ရုပ်ရှင်လောက၏ ဂျန်ဒါအမြင်ကို အတူတကွ ဖော်ထုတ်ဆွေးနွေးခြင်းအားဖြင့် ရုပ်ရှင်အတတ်ပညာဖြင့် အမျိုးသမီးများဘ၀တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် အထောက်အကူပြု ပါလိမ့်မည်။ သို့ဖြစ်ပါ၍ ရုပ်ရှင် နယ်ပယ်မှ စိတ်ပါဝင်စားသူများကို ဤအလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

တက်ရောက်နိုင်သူများ - ရုပ်ရှင်နယ်ပယ်မှ စိတ်ပါဝင်စားသူ မည်သူမဆို (လူငယ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူများကို ပို၍ ဦးတည်ပါသည်။)

Event Location: 

Elegant Pyi Thar Yar Hotel

Event Date: 

20th August 2018