ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) သည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျား၊မ တန်းတူညီမျှရေးပါဝင်နိုင်ရန် အမျိုးသမီးတို့၏အတွေ့အကြုံနှင့် အသံများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ သိရှိအကောင်အထည်ဖော်ပေးနိုင်ရေးအတွက် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှီးနှောဖလှယ်ပွဲ” ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်မြို့၊ Novotel Hotel တွင် ကျင်းပခဲ့သည်။ ထိုနှီးနှော ဖလှယ်ပွဲတွင် အောက်ပါအကြောင်းအရာနှစ်ရပ်ကို အဓိကထားဆွေးနွေးခဲ့သည်။

  •  ‌နေရပ်စွန့်ခွာသူများ၊ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊
  • ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအခြေအနေများနှင့် စိန်ခေါ်မှုများ

ထိုဆွေးနွေးချက်များကိုအခြေခံ၍ ရရှိလာသည့် အကြုံပြုချက်များကို AGIPP မှ Zun Pwint၊ WAPAN မှ Nang Vo Kham၊ KSWN မှ Seng Zin၊ WON မှ Thu Zar Aye၊ MNEC မှ Mi Seik Htaw နှင့် MWN မှ Mi Ngwe Lay တို့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ မွန်းလွဲ (၂) နာရီတွင် ပညာအလင်းပွင့်မြန်မာသုသေနဖောင်ဒေးရှင်း ရုံးခန်း၌ လာရောက်ဆွေးနွေးခဲ့ကြပြီး EMReF မှ အမှုဆောင်အရာရှိချုပ် မြတ်သက်သစ္စာနှင့် အကြီးတန်း သုတေသီများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် EMReF နှင့် AGIPP အဖွဲ့များ ပူးပေါင်း အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြသည်။