Arts and Humanities Research Council နှင့် SOAS ၏ ပံ့ပိုးကူညီမှုဖြင့် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) မှ ‘‘သုတေသနအတွေးအခေါ်နှင့် အရေအတွက်အခြေပြု သုတေသနအချက်အလက် ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များ အသုံးပြုပုံဆိုင်ရာ သင်တန်း”အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Catholic Bishops’ Conference of Myanmar (CBCM) Compound ၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ သုတေသနကို စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ယခုသင်တန်းတွင် အောက်ပါအကြောင်းအရာများကို ထည့်သွင်းပို့ချခဲ့သည်။

  • Research Philosophy
  • Qualitative Data Collection Tools + Practical
  • Concept of Quantitative Research
  • Sampling Method
  • Research Ethics
  • Concept of Quantitative and Qualitative Research
  • Introduction to Data Analysis Software- SPSS
  • Writing Data
  • Retrieving Data
  • Descriptive Statistics
  • Inferential Statistics