International Development Research Centre (IDRC) မှ The Knowledge Hub and Market Place 2019 အစီအစဉ်ကို ဇူလိုင်လ(၁၀)ရက်နေ့က Mercure Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေးရှင်း(EMReF)မှလည်း ပါဝင်ခဲ့သည်။ EMReF မှသုတေသနပြုလုပ်ထားသည့် သုတေသနစာအုပ်များနှင့် EMReFမှ ထုတ်ဝေသည့် သတင်းစာစဉ်၊ သတင်းလွှာများ ပြသခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကျား-မ ရေးရာတန်းတူညီမျှမှုရှိရေးအတွက် မြှင့်တင်လုပ်ဆောင်ခြင်းစကားဝိုင်း ဆွေးနွေးပွဲတွင်လည်း EMReF မှ ကျား-မရေးရာစီမံကိန်းမန်နေဂျာ ဒေါ်အေးလဲ့ထွန်းက ပါဝင်ဆွေးနွေးခဲ့ပါသည်။